ငွေလွှဲမှားမိသဖြင့် တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၎င်း၏  Mobile Banking အကောင့်မှ အခြားသူ၏   Mobile Banking အကောင့်သို့  ငွေကျပ် သိန်း(၃၀၀)အား မှားယွင်း၍ ငွေလွှဲမိသည့် အတွက် အဆိုပါငွေအား ပြန်လည်ထုတ်ယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။          တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူ မှားယွင်းငွေလွှဲမိသည့် Mobile Banking အကောင့်၏ ငွေဝင် ငွေထွက် မှတ်တမ်းများနှင့် ကိုယ်ရေးအချက်အလက်များ စိစစ်ပေးရန်နှင့် မှားယွင်းလွှဲမိသည့်ငွေများ ပြန်လည် ထုတ်ယူနိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးပါရန် တိုင်ကြားခံရသည့် ဘဏ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ဘဏ်မှ တာဝန်ရှိသူများက တိုင်ကြားသူ မှားယွင်း၍ ငွေလွှဲမိ သည့် Mobile Banking အကောင့်ပိုင်ရှင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ညှိနှိုင်းခဲ့ရာတွင် အဆိုပါငွေအား ပြန်လည်လွှဲပြောင်းပေးရန် ငြင်းဆိုသည့်အနေအထားရှိပါသဖြင့် တိုင်ကြားသူအနေဖြင့် ဥပဒေကြောင်းအရ တရားစွဲဆို ညှိနှိုင်းဖြေရှင်းသင့်ပါကြောင်း ဘဏ်မှ အကြောင်းပြန်ကြားလာခဲ့ပါသည်။ တိုင်ကြားသူမှ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရဲစခန်းသို့သွားရောက် တိုင်ကြား၍ မှားယွင်းငွေလွှဲမိသည်ကို လက်ခံထားသည့် Mobile Banking အကောင့်ပိုင်ရှင်နှင့် ညှိနှိုင်းခဲ့ရာ မှားယွင်း၍လွှဲမိသည့် ငွေကျပ်သိန်း(၃၀၀)အား ၂၈-၉-၂၀၂၄ ရက်နေ့တွင် ပြန်လည်ရရှိခဲ့သည့်အတွက် စိတ်ကျေနပ်မှုရရှိပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း အကြောင်းပြန်ကြားလာသည့်အတွက် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။