အွန်လိုင်းမှတစ်ဆင့် ယိုးဒယားကွေ့တီယိုထုပ်များမှာယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Facebook page တစ်ခုထံမှ အသင့်စား“ယိုးဒယားကွေ့တီယို”အထုပ်(၅၀၀)အား ငွေကျပ် ၄၃၆,၅၀၀/- လွှဲ၍ မှာယူခဲ့ရာ အထုပ်(၁၀၀)သာ ပေးပို့ပြီး ကျန်သည့်အထုပ်(၄၀၀)ကို ပေးပို့ခြင်းမရှိပါသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ Website Complaint System သို့ ဆက်သွယ်တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။          တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက ၈-၁၀-၂၀၂၄ ရက်နေ့တွင်  တိုင်ကြားစာပါလိပ်စာတွင် ဖွင့်လှစ်ထားသော “ယိုဒယားကွေ့တီယို” ဆိုင်ပိုင်ရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ ၂၀၂၃ ခုနှစ်၊ (၁၁)လပိုင်းမှစ၍ လုပ်ငန်းပိုင်း အခက်အခဲဖြစ်ရခြင်းကြောင့် ပစ္စည်းပေးပို့နိုင်ခြင်းမရှိသေးပါကြောင်း၊ ၁၅-၉-၂၀၂၄ ရက်နေ့မှစ၍ လုပ်ငန်းစတင်လည်ပတ်နေပြီဖြစ်ပါသောကြောင့် မှာယူထားသော စာရင်းဇယားအတိုင်း (၆)လအတွင်း ပစ္စည်းများအား ပြန် လည်ပို့ဆောင်ပေးပါမည်ဟု ပြောကြားခဲ့ပါသည်။ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် တိုင်ကြားသူက ၉-၁၀-၂၀၂၄ ရက်နေ့တွင် ကွေ့တီယိုဆိုင်ဘက်မှ ကွေ့တီယို အထုပ် (၅၀)အား Delivary ဖြင့် ဂိတ်ချပို့ဆောင်မည်ကို သဘောတူထားကြောင်း၊  ကျန်အထုပ် (၃၅၀) အား ငွေသားဖြင့်သာ ပြန်လည်ရယူလိုကြောင်း ပြောကြားခဲ့ရာ ဆိုင်ဘက်မှ ၅-၁၁-၂၀၂၄ ရက်နေ့တွင် K-pay ဖြင့် လွှဲပေးမည်ဟု ကတိပြုပြောကြားခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ကျေနပ်လက်ခံပါကြောင်း  ပြန်လည်ဖြေကြားခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်း နည်းလမ်းဖြင့် တိုင်ကြားမှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။