ဓနုဖြူမြို့နယ်မှ ဆန်ကွဲ ၂၄ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ ရန်ကုန်သို့ တင်ပို့

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှ ဆန်စပါးများ ကြိတ်ခွဲထွက်ရှိနေပြီး ၊  ဆန်ကွဲများကို ရန်ကုန်မြို့သို့ ပြီးခဲ့သောလ အောက်တိုဘာလ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် တာဝန်ရှိသူ၏ ပြောပြ၍ သိရသည်။ စက်တင်ဘာလအတွင်းက ဓနုဖြူမှ ရန်ကုန်သို့ ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၅၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့သည်။  ဓနုဖြူမြို့မှ ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှု အားကောင်းကြောင်း သိရသည်။

    ဓနုဖြူမြို့နယ်အပြင်၊ အခြားမြို့နယ်များကလည်း ဆန်ကွဲတွေကို ရန်ကုန်ဈေးကွက်ကို အဓိက တင်ပို့ရောင်းချပါတယ်လို့ ၎င်းကပြောပါတယ်။  ဆန်ကွဲအိတ်တွေကို စက်တင်ဘာလ လောက်ကနေ စတင်ပြီး ဝယ်လိုအားက သိသိသာသာကို လိုက်ခဲ့တာပါ။ အောက်တိုဘာလက ဆန်ကွဲဝယ်လို အားတက်ခဲ့ပါတယ်။ ဆန်ကွဲတွေကို ပွဲရုံလုပ်ငန်းရှင်တွေက အဆက်မပြတ် တင်ပို့ရောင်းချနေပါတယ်။

    ဓနုဖြူမြို့နယ် မှ စပါးကြိတ်ခံဒထွက်ရှိသော ဆန်ကွဲများကို ကုန်တင်ကားများဖြင့်သာ ကုန်လမ်းက တရားဝင်ပြေစာများနှင့်အတူ ရန်ကုန်မြို့ကိုသာ အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်မြို့ တစ်ခုတည်းကိုသာ တင်ပို့ရခြင်းကြောင်း လုပ်ငန်းအဆင်ပြေစွာ တင်ပို့ရောင်းချနေရကြောင်း  ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တာဝန်ရှိသူက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ဆန်ကွဲ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၄၉၀၀၀ ဈေးပေါက်နေကြောင်း၊ ဆန်ကွဲတင်ပို့ရောင်းချနေရခြင်းကြောင့် စပါးစိုက်ပျိုးတောင်သူများ၊ ကုန်သည်ပွဲစားများ၊ ဆန်ရောင်းဝယ်သူများ၊  ဆန်စပါးပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ လုပ်ငန်းအဆင်ပြေချောမွေ့၍ အလုပ်ကိုင်အခွင့်အလမ်းများလည်းကောင်းကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)