(၇.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ကျုံတနော်ကျေးရွာရှိ သမာဓိဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
မြို့နယ်တာဝန်ခံမှ သမာဓိဆန်စက်တွင် လည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊အလေးချိန်ပြည့်မီမှန်ကန်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ သိုလှောင်ရုံများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားမှုနှင့်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆန်နှင့် ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်တွင် စပါးသိုလှောင်ထားရှိမှုနှင့် ဆန်တစ်နေကြိတ်ခွဲနိုင်မှု ၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)