ဘီးလင်းမြို့ရှိ ဝါးတူစက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊  ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်စွန်းကျေးရွာရှိ ROAR ဝါးတူစက်ရုံမှ ထုတ်လုပ်လျက်ရှိသော ဝါးတူထုတ်လုပ်မှု အခြေအနေ ဖြန့်ဖြူးရောင်းချနေသော အခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေနှင့် ဈေးကွက်အခြေအနေများအား လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ပါသည်။

            ထိုသို့ တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဝါးတူထုတ်လုပ်ရာတွင် လိုအပ်လျက်ရှိသော ကုန်ကြမ်း ရွှေမှုံဝါး၊ ကျတ်သောင်းဝါးများကို ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာ၊ ဝင်းကလော၊ မဲရုံကြီး၊ မဲရုံလေး၊ သိမ်ဇရပ်၊ ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာများမှ ရွှေမှုံ ၁၅ ပေ တစ်ပိုင်းလျှင် ၁၁၀၀ ကျပ်၊ ကျတ်သောင်း ၁၅ ပေ တစ်ပိုင်းလျှင် ၆၅၀ ကျပ် စက်ရုံရောက်ဈေးနှုန်းဖြင့် ဝယ်ယူရရှိပါသည်။ ထွက်ရှိလာသော ကုန်ချောများကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နေပြည်တော် သို့စက်ရုံဈေးနှုန်း ၈ လက်မ ၅၇ စုံပါ ၈၀၀ ကျပ်၊ ၉ လက်မ ၄၈ စုံပါ တစ်ထုတ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(မွန်)