၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ်ပြောင်းသီးနှံမှာ အမြင့်ဈေး (၁၂၃၀)ကျပ်ဖြင့် ဈေးအေးလျက်ရှိနေပြီး ပြောင်းအသစ်များဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာ ကောင်းနေပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁-၁၁၅၀၀ကျပ်၊ ထူး ၂-၁၂၅၀၀ကျပ်၊ ထူး ၃-၁၃၅၀၀ကျပ်၊ ထူး ၄-၁၄၅၀၀ကျပ်၊ ထူး ၅-၁၅၅၀၀ကျပ်၊ ထူးလွန်-၁၆၅၀၀ကျပ်နှင့် ဥတစ်လုံး မှာ ၂၅၀၀၀ကျပ်ဈေးပေါက်နေကြပြီး တောင်သူလက်ကျန်နည်းပါးမှုနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် ဈေးကွက်အဝင်နည်းသဖြင့် သီးနှံဈေးနှုန်းမြင့်တက်လာပြီး စီးဆင်းမှုမှာ ပုံမှန်သာရှိနေပါသည်။

         အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ S2-၈၀၀၀ကျပ်၊ S1-၇၀၀၀ကျပ်၊ OK-၆၈၀၀ကျပ်၊ ဆွဲသီး-၅၂၀၀ကျပ်နှင့် ဂေါ်လီဆိုဒ်မှာ ၃၀၀၀ကျပ်ဈေးရှိနေကြပြီး မိုးအာလူးများ လှိုင်လှိုင်ပေါရမည့်ကာလဖြစ်သော်လည်း ရေနစ်ပျက်စီးမှုများကြောင့် အထွက်နှုန်းလျော့ကျကာ အဝင်နည်းသဖြင့် ဈေးနှုန်းမြင့်တက်လာပြီး စီးဆင်းမှုနည်းနေပါသည်။

        ချင်းသီးနှံ ချင်းဥမမြေနီအကြီးစမှာ တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် အလတ်စမှာ (၃၀၀၀)ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိပြီး ပြည်တွင်းသုံးသာစီးဆင်းလျက်ရှိသဖြင့် ပုံမှန်သာဖြစ်နေပါသည်။

     ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၂၇၀၀-၃၀၀၀ ကျပ်၊ ပန်းမုံလာ ၂၈၀၀-၃၂၀၀ ကျပ်၊ ရွှေပဲ ၁၂၀၀၀-၁၅၀၀၀ ကျပ်၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၆၀၀၀ကျပ်၊ ဘိုစားပဲ ၂၅၀၀-၃၀၀၀ ကျပ်၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀ ကျပ်၊ ဖရုံသီး ၁၈၀၀ကျပ်၊ ငြုပ်ပွ ၁၀၀၀၀-၁၁၀၀၀ ကျပ်၊ ခရမ်းသီး ၃၀၀၀-၃၅၀၀ ကျပ်၊ မုန်ညှင်း ၄၂၀၀ကျပ်ဖြင့် အသီးသီးဈေးပေါက်နေကြ၍ ပန်းမုံလာသီးနှံမှာ ဈေးကွက်အဝင်နည်းပါးပြီး ဘိုစားနှင့် မုန်ညှင်းသီးနှံတို့မှာ ပုံမှန်အဝင်ရှိလာပြီး ဈေးနှုန်းကျဆင်းသွားပါသည်။ ကျန်ကုန်စိမ်းသီးနှံများမှာလည်း ဈေးကွက်လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်း၊ ဈေးကွက်အရ စီးဆင်းမှုမှာ လျော့နည်းနေ၍ ပွင့်လင်းရာသီရောက်မှသာ စီးဆင်းမှုအနည်းငယ်တိုးမြင့်လာနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)