(၇ .၁၁.၂၀၂၄)နေ့၊နေ့လယ် (၁၄:၀၀) အချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံရုံးတွင် ပန်းတနော်မြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ကုန်စည်များကို ရောင်းချသူ လုပ်ငန်း ( ၃၀ ) ဦးအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိအောင်ဟိန်း (အငယ်တန်းစာရေး) က အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ရှင်းလင်း ဆွေးနွေးရာ စားသုံးသူများသည် ၎င်းတို့၏ လိုအပ်ချက်အရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုသည့်အခါ တန်ဖိုးနှင့်အညီ ပေးချေဝယ်ယူကြပြီး စားသုံးသူအခွင့်အရေး အပြည်အဝ ရရှိခွင့်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ "စားသုံးသူအခွင့်အရေး ဦးစားပေး" ဟူသော ဆောင်ပုဒ်အတိုင်း လုပ်ငန်းရှင်တို့ဘက်မှ ထုတ်ကုန်များကို တန်ဖို့သင့်ကုန်စည် အတိုင်း ရောင်းချသဖြင့် မိမိတို့ရောင်းချသော ကုန်စည်အပေါ်တွင် အပြည့်အဝ တာဝန်ခံ၊ တာဝန်ယူမှု ၊ စိတ်ကျေနပ်မှု အပြည့် အဝပေးနိုင်ရန် လိုအပ်ပါသည်။ စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများအား အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူ ထိခိုက်နစ်နာမှုမရှိစေရေး အတွက် အွန်လိုင်းစနစ်အသုံးပြု၍ ရောင်းဝယ်မှု လုပ်ငန်းများ အားလုံးစနစ်တကျထိန်းကျောင်း၍ အွန်းရောင်းချမှုတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို www. ecomreg. gov. mm တွင်၍ အွန်လိုင်းရောင်းချသူ မည်သည့် လုပ်ငန်းရှင်အဆို မှတ်ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ရန် လိုအပ်သောအချက်အလက်များကို လုပ်ငန်းရှင်များ နားလည်စေရန် အကျယ်အဝင့် ရှင်းလင်းဆွေးနွေးပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ထားခြင်း မရှိပဲရောင်းချနေကြောင်း စစ်ဆေးတွေ့ ရှိရပါကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်၍ ဥပဒေ အရေးယူဆောင်ရွက်မည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုပါ ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)