ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်သည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျှက်ရှိရာ ကဏ္ဍအလိုက်အသင်းအဖွဲ့၊ အစုအဖွဲ့၊ ဇုန်၊ ကုန်စည်ဒိုင်များဖွဲ့စည်း၍ အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ဇုန်များ၊ ကုန်စည်ဒိုင်များအား ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဖြူးပေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိစေခြင်း၊ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
နိုင်ငံတော်အနေဖြင့် ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် စီစဉ်ဆောင်ရွက်လျှက်ရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမှ ၂၀၂၂-၂၀၂၃ခုနှစ်၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ နေကြာသီးနှံမိုး၊ဆောင်း(၈၅၈၁၇)ဧကစိုက်ပျိုးရန် လျှာထားဆောင်ရွက်လျက်ရှိပြီး ပြည်ခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်၊ ဆောင်းနေကြာစိုက်ဧကမှာ (၄၅၉)ဧကစိုက်ပျိုးနိုင်ခဲ့ပါသည်။ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ်၊ နေကြာသီးနှံစိုက်ပျိုးဧက ပေါ်မူတည်၍ နေကြာစိုက်တောင်သူအစုအဖွဲ့များအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ညှိနှိုင်းပူးပေါင်း၍ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)