မိုးကာလကုန်ဆုံးပြီးနောက် မြစ်ချောင်း၊အင်း၊အိုင်များ ရေနည်းပါးလာပြီး အသား/ငါးပေါများလာသည့် ကာလတို့ရောက်ရှိလာခြင်းနှင့်အတူ မွေးမြူရေး အသား/ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ဈေးကောင်းရလျက်ရှိသည်။
ဒေသထွက်ရေချိုငါးဈေးနှုန်းများမှာ မြစ်ငါးတန် တစ်ပိဿာလျှင်၂၂၀၀၀ကျပ်၊ချောင်းငါးကြင်း တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးရံ့ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငါးပနော် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးဖားမ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးလေးများဖြစ်သည့် ငါးမြွေထိုး တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးဇင်ရိုင်း တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းတို့ဖြင့် မွေးမြူရေးငါးထက် ဒေသထွက်ရေချိုငါးများ ပိုမိုဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်တို့ရှိပါသည်။ ယင်းမြစ်များကို အမှီသဟဲပြု၍ ဘားအံမြို့ အနီးတဝိုက်ကျေးရွာများရှိ ဒေသခံအချို့သည် တံငါအလုပ်ဖြင့် အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တပိုင်တနိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ရှိ ရေပေါ်ဈေးတွင် အဓိကထားလာရောက် ရောင်းချကြောင်း သိရသည်။
DOCA(ကရင်)