စတိုးဆိုင်များသို့ စားသုံးရန်မသင့်ထုတ်ပြန်ထားသော စားသောက်ကုန်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ‌ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ (၁၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပခုက္ကူမြို့အတွင်းရှိ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    အသင့်သောက်အချိုရည်များတွင်  မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော အချိုရည်၊ ပုန်းရည်ကြီးနှင့်ယိုစုံများ ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပြီး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)