ပခုက္ကူဈေးကွက်တွင် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ဈေးကောင်းရလျက်ရှိ

Powered by Drupal

     အညာဒေသ၏ အစားအစာတစ်ခုဖြစ်သော ရာသီစာထန်ပင်မြစ်များ ဈေးကွက်အတွင်းသို့ စတင်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အညာဒေသသည် ထန်းပင်များ လှိုင်လှိုင်ပေါသော အရပ်ဒေသတစ် ခုလည်းဖြစ်ပါသည်။ ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများတွင် ထန်းပင်များကို ယာမြေများ၏ ဘေးပတ်ပတ်လည်တွင် စည်းရိုးများအဖြစ်လည်း အသုံးပြုကြပါသည်။ ထန်းမြစ်များကို ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မြိုင်မြို့နယ်၊ ကမ္မမြို့နယ်၊ ပေါက်မြို့နယ်များနှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကံတော်၊ ကံရပ်၊ သစ်ပင်ကြီး၊ ချောင်ကန်အုပ်စု ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြပြီး ပခုက္ကူမြို့ပေါ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ထန်းပင်မြစ်များကို ပခုက္ကူမြို့နယ်ရှိ ရွာများသာမက အခြားဒေသများမှလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

     ထန်းပင်မြစ်များကို တော်သလင်းလ ထန်းသီးရင့်မှည့်ချိန်မှစ၍ သီတင်းကျွတ်လဆန်းပိုင်းတွင် သဲမြေများ၌ ကျင်းအနက်(၁)တောင်ခန့်တူး၍ မြှပ်ကြပြီး သီတင်းကျွတ်လကုန် တန်ဆောင်းမုန်းလဆန်း တွင် တူးဖော်ကြောင်း သိရှိရပြီး ပြာသိုလဆန်းပိုင်းတွင် ထန်းမြစ်များရှင်းပြီး လှိုင်လှိုင်ပေါ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ထန်းမြစ်(၂၅)ချောင်းပါ တစ်စီးလျှင် ကျပ်(၂၀၀၀-၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ၍ ဈေးကောင်းရရှိခြင်းကြောင့် ထန်းမြစ်စိုက်တောင်သူများနေဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)