သဲကုန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက်သယ်ယူပို့ဆောင်မှုများ ပုံမှန်ပြန်လည်ပတ်လာ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ပါဝင်သော စိမ်းရောင်စိုကုန်စိမ်း အစုအဖွဲ့ကိုဖွဲ့စည်းပြီး စိုက်ပျိုးထုတ်လုပ် ရောင်းချလျှက်ရှိပါသည်။ သဲကုန်းမြို့နယ်မှ ထွက်ရှိသောဟင်းသီးဟင်းရွက်များကို ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ နေ့စဉ် သယ်ယူပို့ဆောင်ရောင်းချလျှက်ရှိရာ သင်္ကြန်အခါကာလနှစ်ကူးချိန်၍ မြန်မာလူမျိုးများအနေဖြင့် ဥပုဒ်သီတင်းစောင့်ကြသလို အချို့မှာ အိမ်တွင် အနားယူနေကြသောကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသဖြင့် ဟင်းသီးဟင်းရွက်သယ်ယူပို့ဆောင်နေသော ကားများ ယာယီရပ်တန့်သွားခဲ့ပါသည်။ မြန်မာနှစ်ကူးနှစ်ဆန်း (၂)ရက်နေ့မှစ၍ ဟင်းသီးဟင်းရွက်အပြင် အခြားကုန်စည်စီးဆင်းမှုများလည်း ပုံမှန်ပြန်လည် လည်ပတ်ရောင်းဝယ် ဖောက်ကားလျှက်ရှိပါသည်။

        ဟင်းသီးဟင်းရွက်ရောင်းဝယ်မှု့အနေဖြင့် မြင်းခွာရွက်အစည်း(၁၀၀၀)လျှင် ၇၀၀၀ ကျပ်၊ သခွားသီး (၁၀)လုံးပါတစ်ထုတ်လျှင် ၈၀၀ကျပ်၊ ငရုတ်သီးစိမ်း (၁)ပိဿာလျှင် ၁၁၀၀ကျပ်၊ ခရမ်းကျွတ်သီး တစ်လုံးလျှင် ၃ကျပ်၊ ခရမ်းသီးပိဿာသီး တစ်ပိဿာလျှင် ၅၀၀ကျပ်ဖြင့် စိမ်းရောင်စို ကုန်စိမ်းဒိုင်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)