ကော့သောင်းမြို့ ကုန်စုံဆိုင်များတွင် ရောနှောဆီရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချူပ်‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကော့သောင်းမြို့  စည်ပင်သာယာစျေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွား‌ရောက်၍ စားသုံးဆီအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် စားသုံးသူများနေ့စဉ်သုံးစွဲလျက်ရှိသော စားသုံးဆီအမျိုးမျိုး စျေးကွက်အတွင်း ရောင်းချနေရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ရောနှောဆီများ ‌‌ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)