ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

               ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ နိုဝင်ဘာလ (၄) ရက်မှ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာ၊ မြင်းခြံ(ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၂၈၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၃၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၀၀၀ ၊ အကြီးမှာ ကျပ် ၄၅၀၀၊ ရှယ်မှာ ကျပ် ၄၈၀၀၊  မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၃၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၀၀၀ ၊ အကြီးမှာ ကျပ် ၄၅၀၀၊ ရှယ်မှာ ကျပ် ၄၈၀၀၊ မြင်းခြံ(ကံဆင့်)ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာ ကျပ် ၃၀၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၄၁၀၀ ၊ အကြီးမှာ ကျပ် ၄၃၀၀၊ ရှယ်မှာ ကျပ် ၄၇၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

                 ယခင်အပတ်နှင့် ယခုအပတ် ကြက်သွန်နီဈေးနှုန်းများနှိုင်းယှဉ်ရာတွင် ဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်မြှင့်တက်မှုများရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)