မအူပင် မြို့နယ်၌ စီးပွားဖြစ်စိုက်ပျိုး လျက်ရှိသော စံပယ်ဖြူ ဘုရားပန်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ စလင်းဒေါင့်ကျေးရွာ၊ အောင်ဟိတ်ကျေးရွာများတွင် စံပယ်ဖြူပန်းကို ဘုရားပန်းအတွက် ရောင်းချရန် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မအူပင်မြို့နယ်တွင် ပန်းစိုက် ဧက ၁၂၈ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စာရင်းများအရ သိရသည်။

      အောင်ဟိတ်ကျေးရွာတွင် စံပယ်ဖြူပန်းစိုက်ပျိုးကြပြီး၊ ဘုရားပန်းအဖြစ် ရောင်းချသော ပန်းတစ်မျိုး ဖြစ်သည်။ စံပယ်ဖြူပန်း မျိုးကို အပင်ကိုဝယ်ယူပြီး တစ်ပင်ကို   ၂၀   ကျပ်နှုန်းဖြင့်  တောင်ကြီးဘက်မှ မှာယူဝယ်ယူသည်။ တစ်ခြံလျှင် အပင်တစ်သောင်း စိုက်ပျိုးရကြောင်း၊  စံပယ်ဖြူ ဘုရားပန်းစိုက်သူ တောင်သူဦးကျော်ဆန်းက ပြောပြသည်။ စံပယ်ဖြူပန်း သည် အောက်တိုဘာလ နောက်ဆုံးပါတ်တွင် စတင်စိုက်ပျိုးပြီး  ဒီဇင်ဘာစတုတ္ထပတ်တွင် ပန်းပွင့်၍ ခူးဆွတ်ရပြီးဖြစ်ကြောင်း၊ တစ်နေ့ကို ပန်း ၆၀၀ညွှန့် တစ်ရက်ခြားတစ်ခါ ခူးရကြောင်း သိရသည်။

     အောင်ဟိတ်ကျေးရွာရှိ ကျေးရွာသူ/သားများသည် လယ်ယာထွက်စပါးကို စိုက်ပျိုးသလို ပန်းစိုက်ပျိုးသူလည်း များသည်။ စိုက်ပျိုးသောပန်းမျိုးများမှာ၊ ဂန္ဓမာပန်းမျိုး (၄)မျိုး၊ ကြယ်တာရာ ပန်း၊ နှင်းဆီပန်း၊ ပန်းထိန်ငိုပန်း၊ မျိုးများ နှစ်စဉ်စိုက်ပျိုးကြပြီး၊ တစ်နှစ်ကို ပန်းစိုက်ပျိုးမှု ရာသီအလိုက်ပန်းများ  ၃ကြိမ် စိုက်ပျိုးကြောင်း၊ စံပယ်ဖြူပန်း စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ခြံလျှင် ငွေကျပ်    ၉၀၀၀၀၀/- ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်    တစ်လလျှင် ပန်းအညွှန့် ၉၀၀၀- ၁၀၀၀၀နီးပါး ထွက်ရှိသည်။ ဈေးနှုန်းအနေဖြင့် စံပယ်ဖြူပန်း တစ်ညွှန့်ကို လက်ကားဈေး တစ်ပင်ကို ၂၀၀ကျပ်၊ တစ်နေ့ကို အပင် ၆၀၀ထွက်၍ တစ်လကို ၁၅ရက်ခူးရသည့်အတွက် ငွေကျပ် ၁၈၀၀၀၀၀/-ရရှိကာ  အကျိုးအမြတ်  ၉၀၀၀၀၀/-ကျပ် ခန့် အကျိုးအမြတ် ရရှိကြောင်း သိရသည်။

          ပန်း ဈေးကွက်အနေဖြင့် မအူပင်မြို့၊ ကျိုတ်လတ်၊ မော်ကျွန်းမြို့များသို့သာ တင်ပို့ရောင်းချပြီး ဒေသခံများ စီးပွားဖြစ် စိုက်ပျိုးနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)