စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၈.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်းဆိုင်များ၏ လိမ်လည်မှုမှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကို ရောင်းချသည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာနသို့ တိုင်ကြားရာတွင်လည်းရောင်းချသည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ်ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)