စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်းလိုအပ်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြပါသည်။ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အောက်တိုဘာလအတွင်း ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အကြီး (၃၅၀၀) ကျပ်၊ အသေး (၂၀၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလတွင် ဂေါ်ဖီတစ်ထုပ်လျှင် အကြီး (၃၅၀၀) ကျပ်၊ အသေး (၂၀၀၀ ) ကျပ်ဈေးရှိခဲ့ပြီး မတ်လနှင့် ဧပြီလ ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းကွာဟမှုမရှိကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ဈေးရောင်းချသူများထံမှသိရပါသည်။
DOCA(စစ်ကိုင်း)