စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူခရိုင်တွင် ရောင်းချနေသည့် ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်း ဝယ်ယူ၍ ကွမ်းသီးမှ ကွမ်းသီးစိတ်များထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများအနေဖြင့် အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ် လက်ကားဈေးတစ်ပိဿာလျှင် ငွေကျပ်(၁၅၅၀၀)ဖြင့်လည်းကောင်း၊ လက်လီဈေးတစ်ပိဿာလျှင် ငွေကျပ်(၁၆၀၀၀) ဖြင့်လည်းကောင်း၊ ကွမ်းသီးစိတ်(ပယ်)တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးစိတ်များကို ကန့်ဘလူမြို့ပေါ်ရှိဆိုင်များ၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာနှင့် ကျွန်းလှမြို့နယ်များသို့ လက်လီ/ လက္ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေးလုပ်ငန်းရှင်၏ ပြောပြချက်အရသိရပါသည်။
DOCA(စစ်ကိုင်း)