
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးမြေပဲ စိုက်ဧက (၃၆၅၀) ဧကစိုက်ပျိုးပြီး၊(၁၅-၁၁-၂၀၂၄) ရက်နေ့အထိ (၃၅၂၃)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့် ၁ ဧကပျမ်းမျှ ၆၂.၀၃ တင်းထွက်ရှိပြီး မြေပဲဆံဈေးနှုန်းမှာလည်း ၁ ပိဿာလျှင် (၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်)ဈေးဖြင့် မြေပဲအမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို ဒေသခံ ဆီကြိတ်ဆုံများကဝယ်ယူ၍ ဆီကြိတ်ခြင်းနှင့် ဒေသတွင်းကုန်သည်များကဝယ်ယူ၍ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA(ဧရာဝတီ)