မကွေးမြို့၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ဆောင်းမြေပဲဈေးနှုန်းဈေးကွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ဈေးကွက်သို့ မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆောင်းမြေပဲများ လှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် မြေပဲ(စွန်တာနီ)တောင့်တစ်တင်းလျှင်  ငွေကျပ် (၁၈၀၀၀-၂၅၀၀၀)၊ မြေပဲ(ဖြူ)တောင့်တစ်တင်းလျှင်  ငွေကျပ်(၂၀၀၀၀-၂၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် မြေပဲကိုအသုံးပြု၍ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်း၊ မကွေးမြို့၊ သီးနှံပွဲရုံများမှတစ်ဆင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့လည်းတင်ပို့ကြောင်း၊ ဆောင်းမြေပဲလှိုင်လှိုင်ထွက်ပေါ်သည့်အချိန်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် သီးနှံအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်လျော့နည်းကြောင်းသိရှိရပါသည်။

DOCA(မကွေး)