သင်္ဘောပင်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သဲဆန်သော၊ စေးသော၊ ကျစ်သောမြေများတွင် မဖြစ်ထွန်းပါ။ ရေမြုပ်ခြင်းဒဏ်ကို ခံနိုင်ရေမရှိသဖြင့် ၂ရက်ခန့်ရေမြုပ်လျှင်ပင် သေစေနိုင်သည်။ ထိုကြောင့် ညီညာသောမြေထက် အနည်းငယ်ကုန်းလျောဖြစ်နေသောမြေသည် သင်္ဘောပင်အတွက် ပိုမိုကောင်းမွန်သည်။ သင်္ဘောပင်အား အစေ့မှ မျိုးပွားယူပြီး မျိုးပွားရန်အတွက် ကျန်းမာကြီးမားပြီး ကောင်းစွာရင့်မှည့်သောအသီးမှ အစေ့များကိုယူ၍ စိုက်ပျိုးနိုင်သည်။ သင်္ဘောသီးစားခြင်းသည် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း၊ ကင်ဆာဆန့်ကျင်ဂုဏ်သတ္တိရှိခြင်း၊ နှလုံးကျန်းမာကောင်းစေခြင်း၊ အစာချေဖျက်အားကောင်းစေခြင်း၊ အရေပြားပျက်စီးစေခြင်း စသည်တို့ကိုကာကွယ်ပေးပါသည်။
သင်္ဘောပင်သည် မြန်မာနိုင်ငံ၌ စီးပွားဖြစ်စိုက်ပျိုးနေသော ဝင်ငွေရ ဥယျာဉ်ခြံသီးနှံတစ်ခုဖြစ်၍ ဈေးကွက်သေချာလျှင် တွက်ချေကိုက်သောသီးနှံတစ်ခုဖြစ်သည့်အပြင် အိမ်ခြံမြေအများအပြားတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလေ့ရှိသောသီးနှံဖြစ်ပါသည်။ ယခုအခါ သင်္ဘောသီးမှည့်တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အတွင်းရှိကြောင်း သစ်သီးအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(တနင်္သာရီ)