အွန်လိုင်းစနစ်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် အွန်လိုင်းရောင်းချခြင်း၊ Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေးနွေးခြင်းကို (၁၄.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာရှိ စားသုံးသူပြည်သူများအား အင်းကောင်းကျေးရွာ စာသင်ကျောင်းရုံးခန်းတွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

          အဆိုပါ  ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က Online Sale လုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ရာ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းကို  အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်အကြောင်း ၊ ကုန်စည်နှင့်ဝန်ဆောင်မှု လုပ်ငန်းကို အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ် လုပ်ကိုင်နေသူ မည်သူမဆို မှတ်ပုံတင်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကိုဆောင်ရွက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အွန်လိုင်း(Online) မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂)မျိုးရှိပြီး အမျိုးအစား(၁)ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းအတွက်ဖြစ်ပြီး၊ အမျိုးအစာ(၂)မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ဖြစ်ကြောင်း၊ မှတ်ပုံတင်လျှောက်ထားရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ လိုအပ်သည့်အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက်တစ်ချက်ပြင်ဆင်လိုလျှင် သတ်မှတ်ထားသည့် ပြင်ဆင်ကြေးများအကြောင်းနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီး ရောင်းချနေသူများအတွက် ရရှိနိုင်မည့်အခွင့်အရေးများအကြောင်းတို့ကို စားသုံးသူပြည်သူ စုစုပေါင်း(၁၁)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သိလိုသည်များ မေးမြန်း ခြင်းကို ပြည်လည်ဖြေကြားပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသည့် (၂/၂၀၁၉) ညွန်ကြားချက်ပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။      

DOCA(စစ်ကိုင်း)