တောင်ငူမြို့ရှိကြက်ဥ ဈေးတက်

Powered by Drupal

       တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ  ကြက်ဥ၊ ဘဲဥအရောင်းဆိုင်တွင်  ယခင်လတွင် ကြက်ဥတစ်လုံးလျှင် အသေး ၃၆၅ကျပ်နှင့် အကြီး ၃၈၅ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်လုံးလျှင် အကြီး/ အသေးအလိုက် အသေးတစ်လုံးလျှင် ၃၅၀ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၄၈၀ကျပ်ရှိသဖြင့် ၉၅ကျပ်အထိဈေးတက်လာပါသည်။

         ဘဲဥမှာ အသေးတစ်လုံးလျှင် ၄၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၄၅၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

         ကြက်ဥ၊ ဘဲဥမှာ အခြေခံလူတန်းစားများနှင့် အလုပ်များသောရုံးဝန်ထမ်းများ အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်ဖြစ်သဖြင့် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(ပဲခူး)