တောင်ငူမြို့တွင် ဒေသတွင်းရာသီပေါ်ငါးများ ဈေးနှုန်းသင့်တင့်လာ

Powered by Drupal

       တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးအကုန်ဆောင်းအကူးရာသီ၌ ဒေသအနီးကျေးရွာများမှ လာရောက်ရောင်းချနေသော ရာသီပေါ်ဒေသတွင်းငါးများ ပေါများလျက်ရှိပါသည်။ ယခု မိုးနှောင်းကာလရောက်ချိန်တွင် ပေါ်လာသော ငါးခူ၊ ငါးဘတ်၊ ငါးနုသန်းများမှာ ပေါများစွာရရှိပြီး ဈေးနှုန်းမှာလည်း အခြားအသားငါးများဈေးနှုန်းကြီးမြင့်နေချိန်တွင် စားသုံသူပြည်သူများဝယ်ယူရန်သင့်တင့်သောဈေးနှုန်းများရှိပါသည်။

          ဒေသငါးများ၏ ဈေးနှုန်းများအနေဖြင့် ငါးခူတစ်ပိဿာလျှင် ယခင်လက ၃၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုတွင် တစ်ပိဿာ ၂၀၀၀၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်အထိဈေးနှုန်ုးကျဆင်းလာပါသည်။

           ငါးနုသန်းမှာ ယခင်လက တစ်ပိသာလျှင် ၃၅၀၀၀ကျပ်ခန့်ရှိခဲ့ရာမှ ယခုအပတ်တွင် ၂၂၀၀၀ကျပ်ဖြင့် ၁၃၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။

          ငါးဘတ်မှာ ယခင်လက တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာ ၁၈၀၀၀ကျပ်ဖြင့် တစ်ပိဿာလျှင် ၇၀၀ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း ညောင်ပင်ဈေးရှိ ငါးရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိခဲ့ရပါသည်။   

DOCA(ပဲခူး)