တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်နယ်၏ သစ်သီးတစ်မျိုးဖြစ်သော လိမ္မော်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် လိမ္မော်သီးများ ရှားပါး၍ သစ်သီးဆိုင်များတွင် အရောင်းအဝယ်မရှိခဲ့ရာက ယခု မိုးအကုန် ဆောင်းအကူးကာလတွင် လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။
လိမ္မော်သီးမှာ အအေးဆိုင်များတွင် လိမ္မော်သီးဖျော်ရည်အဖြစ် တစ်ခွက်လျှင် အသီးပေါများမှုပေါ်မူတည်၍ ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပါသည်။ ရှမ်းပြည်လိမ္မော်သီး ဈေးနှုန်းများအနေဖြင့် အသီးအကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ၈၀၀၀ကျပ်နှင့် ၁၀၀၀၀ကျပ်ထိဖြင့် ဈေးကောင်းရလျက်ရှိပါသည်။
လိမ္မော်သီး၏အရသာမှာလည်း ခံတွင်းရှင်းပြီး စားကောင်းပါသည်။ ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်း၊ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်အပြည့်အဝ ပါဝင်ခြင်း၊ သဘာဝအချိုဓာတ်ရရှိစေနိုင်သော သစ်သီးဖြစ်ခြင်းကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်အသီးဖြစ်၍ လူကြိုက်များပြီး ရောင်းအားကောင်းကြောင်းသိရပါသည်။
DOCA(ပဲခူး)