နာနတ်သီးသည် မြေမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ မြေမရွေးဟုဆိုသော်လည်း မည်သည့်မြေတွင် စိုက်စိုက် ရေဝပ်ခြင်းကိုတော့ကြောက်သည်။ နာနတ်သီး၏ သကြားအက်စစ် အချိုးမှာစိုက်ပျိုမြေ၏ အမြင့်ပေပေါ်တွင်လည်း တည်နိုင်သည်။ နာနတ်ပင် ကြိုက်သော အပူချိန်မှာ ၂၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက်နှင့် ၃၆ ဒီဂရီ စင်တီဂရိတ် အထက်ဆိုလျှင် ကြီးထွားနှုန်း နှေးကွေးသည်။ တစ်နှစ်လျှင် မိုးရေချိန် ၂၅ လက်မမှ လက်မ၁၀၀ အတွင်း ရွာသွန်းသောဒေသများတွင် စိုက်ပျိုးနိုင်သည်။
အပင်စိုက်ပြီး (၁၁-၁၂)လအကြာတွင် ပန်းပွင့်ပြီး (၁၅-၁၈)လအကြာတွင် ရိတ်သိမ်းနိုင်သော အဆင့်ကို ရရှိနိုင်ပါသည်။ ဆောင်းရာသီတွင် ရင့်မှည့်သော အသီးများမှာ အချဉ်ဓာတ်များပြီး စည်သွတ်ရန်အတွက်ဖြစ်လျှင် ကြီးထွားဆဲ အသီး၏အခြေတွင် အရောင်အနည်းငယ် ပြောင်းလျှင် ရိတ်သိမ်းနိုင်ပါသည်။ နာနတ်သီးသည် အမျှင်ဓာတ်၊ ရေဓာတ် ပါဝင်မှုများပြီး ဘရိုမီလိန်း ပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်း၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်းအပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
ယခုအခါ ထားဝယ်မြို့ရှိ အသီးဆိုင်များတွင် နာနတ်သီးစျေးကောင်းလျက်ရှိရာ အကြီးတစ် လုံးလျှင်(၃၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၅၀၀)ကျပ် စျေးနှုန်းအသီးသီး ရှိကြောင်း သိရှိရပါသည်။