၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၁) ပေပါလျှင် (၁၁၀) ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan နှင့် နံနက်(၁၁း၀၀)နာရီအချိန်တွင် ရွှေမြင့်မိုရ်ယာဉ်ရပ်နားစခန်းသို့ ယာဥ်မောင်း ဦးသိန်းထွန်း၊ ယာဉ်အမှတ် 4A-7389 Nissan မော်တော်ယာဥ်ဖြင့် စားအုန်းဆီ(၆၀)ပေပါတို့ကို တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများ က သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ စုစုပေါင်း (၁၅၂) ပေပါကို ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်၊ ကမြောကင်း လမ်းရှိ ဦးနိုင်ဝင်းဇော်၏ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)