အင်္ဂပူမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မြေပဲဈေးကွက်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မိုးမြေပဲ(၂၉၅၄)ဧက၊ ဆောင်းမြေ ပဲ(၈၃၃၈)ဧက နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ဒေသတွင်းထွက်ရှိသောမြေပဲများကို စားသောက်ကုန်လုပ်ငန်း၊ ရိုးရာမုန့်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပြီး၊ မြေပဲကိုကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်းထုတ်လုပ်ရောင်းချလျက်ရှိရာ ဒေသအတွင်းမြေပဲများ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

            ယခုအခါ ဒေသတွင်းမိုးမြေပဲများထွက်ရှိပြီဖြစ်ရာ မြေပဲအရည်အသွေးအပေါ် မူတည်၍ ယခင်နှစ် ‌မြေပဲဆံတစ်ပိဿာလျှင် ၆၀၀၀/-မှ ၇၀၀၀/- ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့သော်လည်း ယခုနှစ်မြေပဲဆံတစ်ပိဿာလျှင် ၇၅၀၀/-ကျပ်မှ ၈၀၀၀/-ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ ဒေသတွင်းထွက်ရှိသောမြေပဲများကို ဒေသခံဆီကြိတ်ဆုံများနှင့် မုန့်လုပ်ငန်းများကဝယ်ယူအသုံးပြုခြင်းနှင့် ဒေသတွင်းကုန်သည်များကဝယ်ယူ၍ ပြည်မြို့နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)