ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ ယခုအပတ်အတွင်း အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်းတွေ့ရှိရပါသည်။ ယခင်လများတွင် ကြက်သွန်နီဈေးနှုန်းမှာ (၁) ပိဿာလျှင် ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလဒုတိယအပတ်တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလာပြီး (၁) ပိဿာလျှင် ၄၀၀၀ ကျပ် မှ ၄၂၀၀ ကျပ် ပြန်လည်ကျဆင်းသွားကြောင်း သိရှိရပါသည်။
ထိုသို ကြက်သွန်နီဈေးနှုန်း အတက်အကျဖြစ်ရခြင်းမှာ ရာသီပွဲတော်များရှိ၍ သီတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များ၊ ကထိန်မင်္ဂလာ၊ အလှူအတန်းပွဲများ များပြားသောလများဖြစ်၍ စားသုံးသူများဝယ်အားများသောကြောင့် ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)