တောင်ငူမြို့ ညောင်ပင်ဈေးတွင် အခြေခံစားသောက်ကုန်များဖြစ်သော ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ/နီများ ဈေးနှုန်းမြင့်တက်

Powered by Drupal

       တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် အခြေခံစားသောက်ကုန်များဖြစ်သော ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ/နီများမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ကြက်သွန်နီ/ဖြူများမှာ အောက်တိုဘာလကုန်မှစ၍ မြင့်တက်လျက်ရှိပြီး ခရမ်းချဉ်သီးမှာ နိုဝင်ဘာလ၊ ပထမအပတ်ကုန်မှစ၍ ဈေးနှုန်းမြင့်တက်လာပါသည်။

            ကြက်သွန်နီ (၁) ပိဿာလျှင် စက်တင်ဘာလလအစ၌ (၃၅၀၀) ကျပ်ခန့်မှ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် (၅၀၀၀) ကျပ်နှင့် နိုဝင်ဘာလ၊ ပထမအပတ်တွင် (၈၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်သွားပြီး၊ ကြက်သွန်ဖြူမှ စက်တင်ဘာလ၌ (၁) ပိဿာလျှင် (၁၄၀၀၀) ကျပ်မှ နိုဝင်ဘာလတွင် (၁၈၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်လာပါသည်။

            ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် အောက်တိုဘာလတွင် (၁)ပိဿာလျှင် (၄၀၀၀) ကျပ်ခန့်ရှိခဲ့ရာမှ နိုဝင်ဘာလ၊ ဒုတိယအပတ်၌ (၁) ပိဿာလျှင် (၈၀၀၀) ကျပ်မှ  အလုံးလှလျှင်လှသလို (၁၀၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်သွားကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ခရမ်းချဉ်သီးရောင်းချသူနှင့် ကြက်သွန်ဖြူ/နီရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)