တောင်ငူမြို့တွင် မုန်ညင်းနှင့် မုန်လာများပေါ်ပြီ

Powered by Drupal

        တောင်ငူမြို့၊ စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာ အနီးတဝိုက်ကျေးရွာများတွင် မိုးအကုန်ကာလမှစ၍ ဟင်းသီးဟင်းရွက်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် မုန်ညင်းနှင့်မုန်လာများပေါ်နေပြီဖြစ်၍ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိနေပြီဖြစ်ပါသည်။

              ယခုပေါ်ခါစတွင် မုန်ညင်းဖူးတစ်စည်းလျှင် ၃၅၀ကျပ်၊ သုံးစည်းပါတစ်ထုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ မုန်ညင်းရွက်မှာ တစ်စည်းလျှင် ၂၅၀ကျပ်၊ လေးစည်းပါတစ်ထုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

            မုန်လာရွက်မှာ ၅စည်းပါတစ်ထုံးလျှင် ၄၀၀ကျပ်၊ ၁၀ ထုံးလျှင် ၃၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ နောက်ပိုင်းတွင် လှိုင်လှိုင်ပေါ်လာပါက ယခုထက်ပို၍ ဈေးနှုန်းကျဆင်းနိုင်ကြောင်း၊ ပေါ်ခါစဖြစ်၍ အရောင်းသွက်လျက်ရှိကြောင်း ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)