စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မုံရွာမြို့ရှိ လက္ကားကုန်သည်များမှတစ်ဆင့် မုံရွာခရိုင်အတွင်းရှိ လက်လီ အရောင်းဆိုင်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ အာလူးသီးဈေးနှုန်းများမှာ အာလူးသီး (၁) ပိဿာလျှင် ၆၀၀၀ကျပ်၊ ၈၀၀၀ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ နိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်လျှင် ဈေးနှုန်းမြင့်တက်မှုမှရှိကြောင်းနှင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)