“ချစ်ကြည်ဖြူ” စာကလေးခွေလုပ်ငန်း

Powered by Drupal

       ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်၊ (၅)လမ်းတွင် ဒေသထုတ်ကုန်ဖြစ်သော “ချစ်ကြည်ဖြူ” စာကလေးခွေလုပ်ငန်းအား ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှုအခြအနေ၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ စာကလေးခွေပြုလုပ်ရာတွင် ကုလားပဲခြမ်းအစစ်ကိုသာအသုံးပြုရပြီး တစ်ပိဿာလျှင် (၈၈၀၀/-ကျပ်)ဖြင့်ဝယ်ယူရပါသည်။  ကုလားပဲခြမ်းကို စက်ဖြင့် အခြောက်ကြိတ်ပြီး ရလာသောအမှုန့်ကို ကလောမှုန့်၊ ဟင်းချိုမှုန့်၊ ဆန်မှုန့်၊ သကြား၊ မှိုမှုန့်နှင့် အပွမှုန့်၊ ‌ရေတို့နှင့် အချိုးသင့်ရောစပ်ကာ ပုံစံခွက်ဖြင့် ကြော်ရပါသည်။ တစ်နေ့လျှင် ကုလားပဲ(၂)ပိဿာကြော်ရပြီး ၁၅၀၀/-ကျပ်တန် ၈၇ထုပ်ရရှိကြောင်းသိရှိရပါသည်။ တစ်နေ့လျှင် ကုန်ကျစရိတ်(၁၀၅၀၀၀/ကျပ်) ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၂၅၀၀၀/-ကျပ်ရရှိပါသည်။ နွေဦးကာလများတွင် ဘုရားဖူးလာသူများက အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအားပိုမိုကောင်းမွန် ကြောင်းသိရှိရပါသည်။  မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသောအကျိုးအမြတ်ရရှိပါသည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်းသိရှိပါသည်။

DOCA(ဧရာဝတီ)