![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/243_5.jpg?itok=iH0Z1iT4)
ရှမ်းပြည်နယ်ဒေသထွက်ကုန်ဖြစ်သော ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥလေးများကို တောင်ငူမြို့ရှိ ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိလာရပါသည်။ ယာကွန်ဥများကို မြေအောက်မှ တူးယူရရှိပါသည်။ ယာကွန်ဥကို ပြုတ်စရာမလိုဘဲ အခွံခွာ၍ အစိမ်းစားနိုင်ပါသည်။
ယာကွန်ကဥများကို စားသုံးခြင်းအားဖြင့် ဆီးချိုရောဂါကိုကာကွယ်နိုင်ပေးနိုင်ကြောင်း လေ့လာချက်များအရ သိရှိရပါသည်။ ယာကွန်ဥ၏အရသာမှာ အရည်ရွှမ်းသောကြောင့် စားပြီးလျှင် အေးမြသောအရာသာကိုရရှိစေပါသည်။
ကျန်းမာရေးကိုအကျိုးပြုသော ယာကွန်ဥမျာကို လူကြီးလူငယ်မရွေး စားသုံးသင့်ပါသည်။ ယာကွန်ဥတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရောင်းချကြောင်း တောင်ငူမြို့ဈေးများမှသိရှိရပါသည်။
DOCA(ပဲခူး)