ပြည်မုန်လာဥဖြူ အရောင်းသွက်

Powered by Drupal

         ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ တတိယပတ်တွင် ပြည်မုန်လာဥဖြူများ ဆောင်းရာသီသီးနှံအဖြစ် အဝယ်လိုက်သဖြင့် အရောင်းသွက်လျက်ရှိနေသည်။ ဈေးကွက်သို့ မှော်ဇာကျေးရွာဘက်မှ စိုက်ပျိုးထွက်ရှိသော မုန်လာဥဖြူများ အများဆုံးဝင်ရောက်လျက်ရှိပြီး တစ်တွဲလျှင် (၅)လုံးပါရှိကာ မုန်လာဥအကြီးတွဲ(၁၅၀)တွဲနှင့် အသေးတွဲ(၃၀၀)တွဲခန့် နေ့စဉ်အဝင်ရှိနေသည်။ မုန်လာဥဖြူမှာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကာ အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်တွဲလျှင် (၆၀၀-၈၀၀-၁၂၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)