ပြည်ကီလိုမာလကာသီး အရောင်းသွက်

Powered by Drupal

        ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိရွာများဖြစ်သော ပျဉ်းပင်ကိုင်းရွာ၊ အောင်မြေရွာ၊ မြေပဒေသာရွာများတွင် ကီလိုမာလကာသီးများကို ခြံမြေရှိသလောက်စိုက်ပျိုးကြပြီး တစ်ဦးလျှင် ၂ယောက်စိုက်၊ ၃ယောက်စိုက်၊ ၁ဧက၊ ၂ဧက စသည်ဖြင့် စိုက်ပျိုးကြောင်း ပျဉ်းပင်ကိုင်းရွာရှိ တောင်သူ ဒေါ်တင်တင်ညို၏ ပြောကြားချက်အရသိရပါသည်။ ကီလိုမာလကာပင် ၁ဧကလျှင် နေ့စဉ် အလုံး ၁၀၀၀ခန့်ဆွတ်ခူးရကြောင်းလည်းသိရပြီး ပြည်ဈေးကွက်သို့ အလုံးအကြီး/ အသေး အရော(၆၀၀-၇၀၀)ခန့် နေ့စဉ်အဝင်ရှိနေသည်။ ဈေးနှုန်းမှာ အလုံးချောတစ်လုံးလျှင် (၅၀၀-၆၀၀)ကျပ်နှုန်း၊ အလတ် (၃၅၀-၄၀၀)ကျပ်နှုန်း၊ အသေး (၂၀၀-၂၅၀)ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိပြီး ဝင်ရောက်မှု၏ အားလုံးနီးပါးခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် နေ့စဉ် (၇၀၀၀-၈၀၀၀)ကျပ်ရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)