ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းကျေးရွာအတွင်း၌ ကြက်သွန်နီသီးနှံများစတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

                 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းရွာသည် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုနှစ်စိုက်ပျိုးရာသီချိန်တွင် ဒေသတွင်းကြက်သွန်နီဈေးနှုန်း မြင့်တက်လျက်ရှိသောကြောင့် ကြက်သွန်နီ(ဥ)စိုက်တောင်သူများ စိုက်ပျိုးမှုများပြားပြီး   စိုက် ဧက ၁၅၀ ခန့်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

               ကြက်သွန်နီသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၈၀-၉၀ အကြာ ဇန် နဝါရီလဆန်းပိုင်းတွင် စတင်တူးဖော်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး မျိုးဥအနေဖြင့် ဇော်မွှားဥမျိုးများကိုစိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးပိဿာ ၃၀၀ ခန့် ဝင်ဆံ့စိုက်ပျိုးရ၍ တစ်ပိသာလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့် ပိဿာချိန် ၁၀၀ ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှုအတွက် ယခင်နှစ်က တစ်ဧကလျှင် ကျပ် ၃၅ သိန်း ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် မျိုးဥ၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်သိန်း ၄၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပိဿာချိန် ၄၀၀၀-၅၀၀၀ ခန့်ထွက်ရှိပြီး သီးနှံပေါ်ချိန်တွင် ကြက်သွန်နီ (ဥ) စိုက် တစ်ပိဿာ လျှင်ငွေကျပ် ၂၀၀၀-၃၀၀၀ ဈေးနှုန်းများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ငွေကျပ် ၆၅ သိန်းခန့် အမြတ်ရရှိခဲ့ကြောင်းသိရသည်။

              ယခုနှစ် ကြက်သွန်နီသီးနှံပေါ်ချိန်တွင်အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ကြက်သွန်နီ (ဥ) စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ရှမ်း)