ရှမ်းတောင်ဒေသထွက် အာလူးနှင့်သီးနှံဈေးကွက်သုံးသပ်ချက်

Powered by Drupal

              ၂၀၂၄ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် အာလူးသီးနှံကုန်စည်ဝင်‌ရောက်မှုနည်းပါးနေဆဲဖြစ်ပါသည်။ အားလူးကြော်ဈေးကွက်အကိုက် အကြီးဆိုဒ်များဖြစ်သည့် မားကစ်     S1  S2 ဆိုဒ်များ မျက်နီ S1  S2 ကုန်ဝင်မရှိသလောက်ဖြစ်နေပြီး ဝင်လာသောအကြီးဆိုဒ်များသည်လည်း ဈေးကွက်တွင်ရောက်မလာဘဲ အကြော်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ပွဲရုံဂိုထောင်များမှတဆင့် တိုက်ရိုက်တင်ပို့ခြင်းကြောင့် ဈေးနှုန်း ၈၅၀၀ပေါက်သော်လည်း ကုန်စည်သည်ဈေးကွက်တွင် ပြတ်လပ်နေကြောင်းသိရသည်။

               ဒေသသုံးအလတ်ဆိုဒ်များဖြစ်သည့် S1 OK ၇၀၀၀၊ OK ၆၈၀၀A1 ၅၅၀၀နှင့် A1ဆွဲ၅၂၀၀ဈေးပေါက်နေပြီး ဂေါ်လီဆိုဒ်မှ၂၅၀၀/ ၃၀၀၀ဖြင့် ဈေးကွက်တွင်ဖြန့်ဖြူးရောင်းဝယ်နေကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှသိရှိရပါသည်။ကုန်စည်လက်ကျန်ရှိသော တောင်သူများကလည်း ပွဲရုံသို့မပို့ဘဲ ဈေးနှုန်းပိုရသောဒေသဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေကြသဖြင့် အသေးဆိုဒ် အလတ်ဆိုဒ်များ ဈေးနှုန်းပိုမိုလာပါသည်။ပွင့်လင်းရာသီ ကုန်ထုတ်လမ်းများကောင်းလာပြီး အာလူးပေါ်ချိန်တွင် ဈေးပြန်ကျလာနိုင်ကြောင်းလေ့လာသုံးသပ်ရကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)