ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း တရုတ်ကြက်သွန်ဖြူကြူကုတ်သည် ဈေးကွက်လိုအပ်ချက်အရဝင်ရောက်လာပြီး တစ်ပိဿာ ၂၀၀၀၀ဈေးနှုန်းဖြင့် ဈေးကွက်တွင်ရောင်းဝယ်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူမှာလည်း ဈေးနှုန်းမြင့်တက်လာပြီး ထူး၁ ၁၁၅၀၀၊ထူး ၂ ၁၂၅၀၀ ကျပ်၊ထူး၃၁၃၅၀၀ ၊ထူး၄ ၁၅၅၀၀၊ထူးလွန်၁၆၅၀၀ကျပ်ဖြင့်ဈေးပေါက်နေပါသည်။ ရှမ်းတောင်ကြက်သွန်ဖြူသည် ပွဲရုံများတွင် အဝင်နည်းပါးနေပြီး ကုန်စည်လက်ကျန်လည်းပါးနေသဖြင့် ဈေးကွက်ဈေးနှုန်းမြင့်တက်နေဦးမည်ဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှသိရပါသည်။
နနွင်းသီးနှံမှာ ပြည်ပဝယ်လက်ပါးလာသော်လည်း ကုန်စည်ရောက်မှုနည်းပါးလာသဖြင့် ပြည်ထွက်ဈေးကွက်အတွက်ပင် လိုအပ်ချက်ရှိလာနိုင်သဖြင့် အရည်အသွေးကောင်းသည့် တောင်ပို့လရှယ်တစ်ပိဿာ လျင်၁၃၅၀၀၀နှင့်တောင်ပို့လ (လတ်)တစ်ပိဿာလျှင့် ၁၃၀၀၀ဈေးပေါက်နေပြီး ဆင်တောင်ရှယ် ၁၂၀၀၀၊ ဆင်တောင်လတ်၁၁၀၀၀နှင့် အညံ့စရောရာ၁၀၀၀၀ဖြင့်ရောင်းဝယ်နေကြောင်းနှင့် ဈေးနှုန်းဈေးကွက်လိုအပ်ချက်အရ နနွင်းဈေးအနေဖြင့် ဈေးတန့်နေဦးမည်ဖြစ်ကြောင်း လေ့လာသုံးသပ်ရသည်။
DOCA(ရှမ်း)