ရှမ်းတောင်‌ဒေသထွက် ကုန်စိမ်းသီးနှံဈေးကွက်သုံးသပ်ချက်

Powered by Drupal

           ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလဒုတိယပတ်တွင် ရှမ်းတောင်ကုန်စိမ်းသီးနှံများတွင် သီးနှံအမျိုးအစားအလိုက် ကုန်စည်ဝင်‌ရောက်မှု့မတူညီသလို ဈေးနှုန်းဈေးကွက်အတက်အကျကြမ်းသည့်ကာလတစ်ခုဖြစ်ကြောင်းသိရသည်။

           ရှမ်းတောင်ခရမ်းချဉ်မှာ ဈေးနှုန်းအလှုပ်ခတ်ဆုံးသီးနှံဖြစ်သည်။ ဈေးကုန်ဝင်များ၍ ဈေးကျလျင်လည်း ၅၀၀ကျပ် ၆၀၀ကျပ်ဝန်းကျင်မှ ယခုကုန်စည်ဝင်ရောက်မှုနည်းချိန် အမြင့်ဈေး ရှယ်သီး ၆၈၀၀ကျပ်၊ ရှယ်သီး ၆၅၀၀ကျပ်နှင့် အသေးဆိုဒ်၆၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေ‌ကြောင်းသိရသည်။ ကုန်စည်ရှားပါးသဖြင့် ရှမ်းတောင်ဒေသဈေးကွက်တွင် တင်ပို့‌ရောင်းချကြရာ တစ်ပိဿာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ကျပ်ဈေး‌ပေါက်နေရာ ကုန်သည်ဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှု့ နည်းပါးရခြင်း ဖြစ်ကြောင်းသိရသည်။ ပွင့်လင်းရာသီ အောက်မြန်မာပြည် ခရမ်းချဉ်ထွက်ပေါ်လျင် ဈေးပြန်ကျလာနိုင်ကြောင်း ကုန်သည်ဈေးကွက်မှသိရှိရပါသည်။

          ကျန်ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီမကျပဲ ၂၇၀၀/၃၀၀၀ကျပ်၊ ပန်းပွင့် ၃၀၀၀ကျပ်ဈေးပေါက်နေပါသည်။ မုံညင်းများ ၄၀၀၀ကျပ်၊ ဘိုစားပဲမှာ ဈေးကျလာပြီး ရှယ်၂၀၀၀နှင့် အလတ်စ ၁၈၀၀၊ ရွှေပဲ ၁၃၀၀၀ကျပ်၊ ခရမ်းသီး ၃၅၀၀ကျပ်၊ ငြုပ်ပွ၉၀၀၀ကျပ်မှ၁၁၀၀၀ဈေးမာနေဆဲဖြစ်ပါသည်။

          ကုန်စိမ်းသီးနှံဈေးကွက်၏ သဘောသဘာဝအရ ကုန်စည်အဝင်းနည်း၍ ဈေးကွက်လိုအပ်ချက်ရှိသည့်အချိန်အခါ သီးနှံရာသီချိန် ကုန်ဆုံးခါနီးကုန်ဝင်ပါးချိန်နှင့် ရှမ်းတောင်ဒေသ၏ ပွဲတော်ရာသီများတွင့် တောင်သူတို့၏ ဓလေ့အရ လုပ်ငန်းခွင်နှင့် အ‌ရောင်းအဝယ်ပါးတတ်သည့်သဘောကြောင့် ဈေးကွက်လိုအပ်ချက်ပြည့်မှီနိုင်မှု့နည်းပါးနိုင်သေးကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)