မြိတ်ခရိုင်၊ မြိတ်မြို့နယ် အတွင်းရှိ ကျေးရွာ(၃)ရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးစီမံကိန်းသင်တန်းကို ကျင်းပဆောင်ရွက်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ထူးချွန်သင်တန်းသား(၁၅)ဦးတို့အား မြိတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမဆောင်၌ ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အဖွဲ့ဝင်များနှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)