နိုင်ငံဝန်ထမ်းပင်စင်လစာထုတ်အငြိမ်းစားများအား စားသုံးဆီရောင်းချပေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၁.၁၁.၂၀၂၄ ခုနှစ်၊ နံနက် (၀၈း၃၀) အချိန်တွင် နိုင်ငံဝန်ထမ်းပင်စင်လစာထုတ် အငြိမ်းစားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပင်စင်စား (၇၀၀) ဦးခန့်အား တစ်ဦးလျှင် စားသုံးဆီ (၁)ပိဿာကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးခဲ့ရာ ပင်စင်စားဝန်ထမ်းများအနေဖြင့်လည်း စားသုံးဆီများကို စျေးသက်သာစွာ လစဉ်ဝယ်ယူရရှိသဖြင့် ဝမ်းသာပျော်ရွှင်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)