ထားဝယ်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်ကုန်ညွှန်းအမှတ်အသားအကြောင်း ဟောပြောဆွေးနွေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီ အချိန်တွင် ထားဝယ်မြို့ရှိ (အ.ထ.က-၈) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်စျေးတန်းရောင်းချသူများ  တက်ရောက်ခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ‌ စားသုံးသူ‌ရေးရာဦးစီးဌာနမှ‌ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က အွန်လိုင်းဈေးဝယ်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွား‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှုကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲ တိုင်ကြားကြစေလိုကြောင်း၊ တိုင်ကြားလာသော ကိစ္စရပ်များအားလည်း ဌာနမှ ညှိနှိုင်းပေးသဖြင့်  အဆင်ပြေသွားသည့်အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါကြောင်း ရှင်းလင်းဟောပြောခြင်းနှင့် အကြီးတန်းစာရေး ဒေါ်စိုးစန္ဒာအောင်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရသည်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲ ကျင်းပသည့်နေရာမှ Consumer Call Center နံပါတ် 1535 သို့ တိုက်ရိုက် ဖုန်းခေါ်ဆို၍ သိရှိလိုသည်များကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ပါသည်။

          ဆက်လက်၍ ရုံးချုပ်၏ညွှန်ကြားချက်၊ တိုင်းဒေသကြီးစားသုံးသူ‌ရေးရာ ကော်မတီဥက္ကဋ္ဌ၏ ကျောင်းမုန့်စျေးတန်းရှိ ဆိုင်များအား စစ်ဆေးပေးရန် လမ်းညွှန်ချက်အရ ကျောင်းမုန့်စျေးတန်းအား သွားရောက်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော မုန့်များကို ရောင်းချလျက်ရှိ ပြီး လက်လုပ်မုန့်များ၊ အသုပ်များစသည့် အစားအစာများအား ယင်မနားရန် ဖုံးအုပ်၍ရောင်းချရန်၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများကိုသာ ရောင်းချသွားကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)