မိုးစပါးပေါ်ထွက် စပါးဈေးနှုန်းဈေးကွက်

Powered by Drupal

                ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ၂၀၂၄-၂၀၂၅  ခုနှစ်တွင် မိုးစပါးစိုက်ဧက (၄၇၇၀၂) စိုက်ပျိုးပြီးဖြစ်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်ထိ (၃၄၂၁၀)ဧက ရိတ်သိမ်းပြီးစီးကြောင်းသိရသည်။ မိုးစပါးတစ်ဧကအထွက်နှုန်း(၈၂) တင်းကျော်ထွက်ရှိပြီး စိုက်ပျိုးသောစပါးမျိုးကွဲများမှာ ဆင်းဧကရီ-၃၊ ရွှေရင်အေး၊ ဒေသမျိုးနှင့် ဆင်းရွှေဝါမျိုးတို့ စိုက်ပျိုးလျက်ရှိရာ ဆင်းဧကရီ-၃ စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

                ယခင်နှစ် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး စတင်ရိတ်သိမ်းချိန်တွင် စပါးတင်း(၁၀၀)လျှင်(၁၉၀၀၀၀၀/-) ကျပ်ခန့်ရှိခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးတင်း(၁၀၀)လျှင် (၂၂၀၀၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသောကြောင့် စပါးစိုက်တောင်သူများအနေဖြင့် ယခင်နှစ်ထက် အကျိုးအမြတ်ပိုမိုရှိကြောင်း စပါးစိုက်တောင်သူဦးကြီးများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)