ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး(၁၄၀၀)ကျပ်ဖြင့် ဈေးကောင်းနေပြီး ပြောင်းများဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာယခင်အပတ်ထက်ပို၍ကောင်းလာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁ -၁၁၅၀၀၊ ထူး၂ ၁၂၅၀၀၊ ထူး၃ -၁၃၅၀၀၊ ထူး၄ -၁၄၅၀၀၊ ထူး၅- ၁၅၀၀၀ ၊ ထူးလွန်-၁၆၀၀၀နှင့်ဥတစ်လုံးမှာ ၂၅၀၀၀ကျပ် ဈေးပေါက်နေကြပြီး အဝင်နည်း၊ လက်ကျန်နည်းသော်လည်း ဈေးကွက်အသုံးများသဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး စီးဆင်းမှုမှာပုံမှန်ဖြစ်နေပါသည်။
အာလူးသီးနှံမှာ တစ်ပိဿာလျှင်မျက်နီ S2၈၅၀၀ကျပ်၊ S1 ၈၀၀၀၊ OK၇၀၀၀၊ ဆွဲသီး ၅၂၀၀နှင့် ဂေါ်လီဆိုဒ်မှာ၂၅၀၀ကျပ်ဈေးရှိနေပြီး မားကီး S1 S2 မှာ ဈေးကွက်အဝင်မရှိဘဲ မျက်နီ၊ဆွဲသီးနှင့် ဂေါ်လီဆိုဒ်များသာ အဝင်ရှိသဖြင့် စီးဆင်းမှုမှာ လျော့နည်းနေသော်လည်း ယခင်အပတ်ထက်အနည်းငယ်ပိုလာပါသည်။
ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ ၂၇၀၀-၃၀၀၀၊ ပန်းမုံလာ ၂၈၀၀-၃၂၀၀၊ ရွှေပဲ ၈၀၀၀-၁၀၀၀၀၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၇၀၀၀၊ဘိုစား ၁၈၀၀-၂၅၀၀၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀၊ ဖရုံသီး ၁၈၀၀၊ ငြုပ်ပွ ၉၀၀၀-၁၀၀၀၀၊ ခရမ်းသီး ၃၀၀၀-၃၅၀၀၊ မုန်ညှင်း၃၅၀၀-၄၀၀၀ကျပ်ဖြင့်အသီးသီးဈေးပေါက်နေကြပြီး ပန်းမုံလာသီးနှံမှာဈေးကွက်အဝင်နည်းပြီး ခရမ်းချဉ်သီးနှံနှင့် ဘိုစားသီးနှံတို့မှာ ဈေးအနည်းငယ်မြင့်တက်လာကာ ဈေးကွက်လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက်ပိုလာကြောင်းလေ့လာသိရှိရပါသည်။
DOCA(ရှမ်း)