မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီတို့ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသော်လည်း ထွက်ပေါ်ချိန်မဟုတ်သည့်အတွက် မကွေးမြို့ပေါ်ဈေးကွက်သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများမှာ အဝင်နည်းသော်လည်း ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် အကြီး/အသေးပေါ်မူတည်၍ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ငွေကျပ် (၃၀၀၀-၅၀၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ငွေကျပ် (၂၅၀၀-၄၀၀၀) ဖြင့်ရောင်းချရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)