ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် စားသုံးသူများ ကုန်စည်၊ ဝန်ဆောင်မှုစပ်လျဉ်း၍ စားသုံး သူများအနေဖြင့် ရယူတောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များ သိရှိနိုင်စေရန် ရည်ရွယ်၍ (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ဆရာ၊ ဆရာမ(၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး၊ စုစုပေါင်း (၅၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးက ဌာန၏သမိုင်းကြောင်းနှင့် မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်သည့် အကြောင်းအရာနှင့် တိုင်ကြားနိုင်သူများ၊ တိုင်ကြားမည့်နေရာများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)