ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့်ဝန်ထမ်းသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၁၉.၁၁.၂၀၂၄) ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ပပျောက်စေရေးနှင့် ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များ ရောင်းချစေရေးအတွက် ရည်ရွယ်၍ ဂန့်ဂေါမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများတွင် ဓါတုဆေးဝါးပစ္စည်းများ ပါဝင်မှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိပြီး သက်တမ်းလွန်ခြင်းမရှိသော ကုန်စည်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။         

DOCA(မကွေး)