ကယားပြည်နယ်ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

Powered by Drupal

           ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်လာပြီး ဆောက်လုပ် ရေးပစ္စည်းဖြစ်သည့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ နေ့စဉ်နှင့်အမျှတင်သွင်းလာလျှက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းများအရသိရှိရပါတယ်။ ယခု ဧပြီလ တတိယပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ်နှင့် နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဧပြီလ ဒုတိယပတ်တွင် ကမ္ဘောဇဘိ လပ်မြေတစ်အိတ်လျှင်(၈၁၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၂၀၀)ကျပ်နှင့် နဂါးဘိလပ်မြေတစ်အိတ်လျှင်(၈၂၀၀)ကျပ် တို့ဖြင့်ရှိခဲ့ပြီး ယခင် ဧပြီလ ဒုတိယပတ်နှင့် ယခု ဧပြီလ တတိယပတ် နှိုုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀) ကျပ်နှင့် အာပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀)ကျပ်နှင့် နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၁၀၀)ကျပ် ခန့်ဈေးနှုန်းကျဆင်းလျှက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါတယ်။

DOCA(ကယား)