မိတ္ထီလာဈေးကွက်တွင် မိုးကြက်သွန်နီအသစ်များ ဝင်ရောက်လာ

Powered by Drupal

              နိုဝင်ဘာလဆန်းပိုင်းမှစ၍ မိတ္ထီလာဈေးကွက်သို့ခရိုင်တွင်း မိုးကြက်သွန်နီစိုက်ပျိုးသောကျေးရွာများမှ စတင်ဝင်ရောက်ကြောင်းသိရသည်။ မိုးကြက်သွန်နီကို မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စိုက်ပျိုးရာ ယခုနှဏ်တွင် ဧက (၂၉၀၀) ခန့် စိုက်ပျိုးကြောင်း သက်ဆိုင်ရာစာရင်းများ အရသိရသည်။ မိုးကြက်သွန်နီမှ ဩဂုတ်၊ စက်တင်လဘာလတွင် မျိုးဥသားများကိုစိုက်ပျိုးကာ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် နုတ်သိမ်းလေ့ရှိပါသည်။

             မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးမှာ ပြီးခဲ့သည့်အောက်တိုဘာလကုန်ပိုင်းအထိ လက္ကားဈေး (၄၀၀၀) ကျပ်အထိရှိခဲ့ရာ ယခုရက်ပိုင်း (နိုဝင်ဘာလလယ်)မှာတော့ မိုးကြက်သွန်နီအသစ်ဝင်လာခြင်း၊ နယ်ဝယ်လက်များ အဝယ်နည်းနေသေးခြင်းတို့ကြောင့် တစ်ပိဿာလျင်လက္ကားဈေးအဟောင်းမှာ (၃၀၀၀) နှင့်အသစ်မှား (၂၀၀၀) ကျပ်ဈေးရှိကြောင်း ဈေးကွက်မှသိရသည်။ မိတ္ထီလာဈေးကွက်အနေနှင့် နယ်ဝယ်လက်များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ တာချီလိတ်မြို့များသို့ တင်ပို့လေ့ရှိရာ ယခုရက်ပိုင်းမှာတော့ ပြည့်ဝယ်လက်မှ အဝယ်ရှိလာသော်လည်း ကုန်ပစ္စည်းစုဆဲကာလဖြစ်၍ တင်ပို့မှုနည်းနေသေးကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)